ပခုက္ကူကုန်စည်ဒိုင်တွင်တစ်ပတ်အတွင်းပဲစဉ်းငုံနီစျေးတက်ကာ၊
ပဲတီစိမ်းကြီးစျေးကျ
ရက်စွဲ၊ ၃၀.၆.၂၀၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ တစ်ပတ်အတွင်းကာလတူ (၂၂.၆.၂၀၂၂)ရက်နေ့နှင့် နှိုင်းယှဉ်ပါက ပဲစဉ်းငုံနီ(၁)တင်းလျှင် ယခင် နေ့တွင်(၄၃၅ဝဝ)ကျပ်စျေး၊ ယနေ့(၄၄၅ဝဝ)ကျပ်စျေးဖြစ် သည့်အတွက် (၁၀ဝဝ)ကျပ်စျေးတက်ကာ ပဲတီစိမ်း(ကြီး)(၁)တင်းလျှင် ယခင်နေ့တွင်(၄၆၅ဝဝ)ကျပ်စျေး၊ ယနေ့(၄၅၈ဝဝ) ကျပ်စျေးဖြစ်သည့်အတွက်(၇ဝဝ)ကျပ်စျေးကျပြီး ကျန်ပဲမျိုးစုံစျေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်လျှက်ကြောင်း သိရှိရပါသည်။
ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန